Friday 29 June 2012

အင်ဂျင်နီယာ B.E ဘွဲ့ရရှိရန် ၆ နှစ်တက်ရမည်












 အောင်ဆန်းဦး မွန်ပြည်သား
အင်ဂျင်နီယာ B.E ဘွဲ့ရရှိရန် ၆ နှစ်တက်ရမည်


၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အင်ဂျင်နီယာဘွဲ့ (B.E) ရရှိရန် ၆ နှစ်တက်ရောက်ရမည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခင်အင်ဂျင်နီယာ (B.E) ဘွဲ့ရရှိရန် ၅ နှစ်တက်ရောက်ပြီး ယခုလာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အင်ဂျင်နီယာ (B.E) ဘွဲ့ရရှိရန် ၆ နှစ်တက်ရောက်ရမည်ဟုသိရသည်။

“အခု ရှေ့စာသင်နှစ်ကစပြီး AGTI ဒီပလိုမာအတွက် ၂ နှစ်၊ B-Tech အတွက် ၂ နှစ်နဲ့ B.E ဘွဲ့အတွက် ၂ နှစ်တက်ရမယ်။ BE မှာ ၁ နှစ်ထပ်တိုးလိုက်တာပါ။ အားလုံးစုစုပေါင်း ၆ နှစ်ပါ။ အရင်တုန်းက AGTI ဒီပလိုမာအတွက် ၂ နှစ်၊ B-Tech ဘွဲ့အတွက် ၂ နှစ်၊ BE ဘွဲ့အတွက် ၁ နှစ်တက်ရတယ်။ ရှေ့နှစ်စာသင်နှစ်ကြရင် လက်တွေ့ကို ပိုဦးစားပေးသင်ဖို့ရှိတယ်” ဟုအဆိုပါပုဂ္ဂိုလ်ကပြောသည်။ “ ၆နှစ်ဆိုတော့ စာမေးပွဲကျတဲ့လူတွေအတွက် မသက်သာဘူး။ စာမေးပွဲကျနေရင် ကျောင်းတက်ရတာနဲ့တင် ၈ နှစ်၊ ၉ နှစ်လောက် ဖြစ်သွားမယ်။ ကျောင်းသားတိုင်း စာကြိုးစားဖို့လိုအပ်နေပြီ။ စာတွေ့သာမက လက်တွေ့တွေပါ ပိုလုပ်ရတော့မယ်ဆိုတော့ ကောင်းပါတယ်” ဟု နည်းပညာတက္ကသိုလ် ကျောင်းဆရာတစ်ဦးကပြောသည်။ နည်းပညာကျောင်းများတွင် လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အင်ဂျင်နီယာ (B.E) ဘွဲ့ရရှိရန် ၆ နှစ်တက်ရောက်ရတော့မည် ဖြစ်သဖြင့် ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်တွင် နည်းပညာတက္ကသိုလ်အသီးသီး၌ တက်ရာက်နေသည့် ပထမနှစ်ကျောင်းသားများအနေဖြင့် အထူးဂရုတစိုက် စာကြိုးစားရမည်ဟုလည်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ယခုစာသင်နှစ်ပထမနှစ်တွင် စာမေးပွဲကျရှုံးခဲ့ပါက ပြောင်းလဲလိုက်သည့်စနစ်အသစ်ဖြင့် တက်ရောက်ရမည်ဖြစ်သဖြင့် အင်၈ျင်နီယာ (B.E) ဘွဲ့ရရှိရန် ၆ နှစ်တက်ရောက်ရမည်။ အောင်မြင်သူများအနေဖြင့် အင်ဂျင်နီယာ (B.E) ဘွဲ့ရရှိရန် ၆ နှစ်တက်ရောက်စရာမလိုဘဲ ယခင်သတ်မှတ်ထားသည့်အတိုင်း ၅ နှစ်တက်ရောက်ရမည်ဟု သိရသည်။

ရေးသားသူ -ကိုဟိန်း




Add caption

No comments:

Post a Comment